top of page

ကျွန်ုပ်တို့ သင့်ထင်မြင်ချက်ကို လိုအပ်သည်။ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုဆိုင်ရာ စစ်တမ်းကို မကြာမီ စတင်ပါမည်။

ဤနေရာတွင် ရှိနေသည့်အပေါ် မည်သို့ ခံစားရသနည်း။

ထိုမေးခွန်းအတွက် သင်၏အဖြေကို ကျွန်ုပ်တို့ သိလိုပါသည်။ နောက်အပတ်တွင် ကျွန်ုပ်တို့သည် သင်နှင့် သင့်လုပ်ဖော်ကိုင်ဖက်များထံမှ လုပ်ငန်းခွင်တွင်း အတွေ့အကြုံနှင့် ပတ်သက်သည့် အဖိုးတန်သော ထင်မြင်ချက်များ ရရှိရန် အမည်မဖော်ပြထားသော စစ်တမ်းတစ်ခု စတင်ပါမည်။ သင်တို့၏ အကြံပြူချက်များကို စုပေါင်း၍ ကျွန်ုပ်တို့ ယဉ်ကျေးမှုအသိုက်အဝန်းသည် မည်သည့်အခြေအနေရှိနေကြောင်း၊ ကျွန်ုပ်တို့၏ အားသာချက်များသည်ဘယ်မှာတည်ရှိနေကြောင်း နှင့် ကျွန်ုပ်တို့ မည်သို့မည်ပုံ တိုးတက်မှုရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို သိရှိနိုင်မည်ဖြစ်ပါသည်။

သင်သည် မကြာမီ စစ်တမ်းထံ ရောက်ရှိမည့် လင့်ခ်ပါသော အီးမေးလ်တစ်စောင် လက်ခံရရှိပါမည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ စစ်တမ်းတွင် ပါဝင်မှု 100% သို့ ရောက်ရှိရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် လူတိုင်း၏ ပါဝင်မှုဖြင့် ကျွန်ုပ်တို့၏ လက်ရှိယဉ်ကျေးမှုအပေါ် ပြည့်စုံ၍ တိကျသော ထင်မြင်ချက်တစ်ခု ရရှိသည်။

စစ်တမ်းနှင့် ပတ်သက်သည့် မှတ်ချက်အနည်းငယ်

တုံ့ပြန်မှုအားလုံးကို လုံးဝ အမည်ဖော်ပြမထားပါ။ သင့် တုံ့ပြန်မှုများကို မည်သို့ ကာကွယ်ထားသည်ကို ဤနေရာတွင် လေ့လာပါ။

ဤစစ်တမ်းသည် သင့်ကြီးကြပ်ရေးမှူးအတွက် ရည်ရွယ်ပါသည်။ သင်၏ စစ်တမ်းလင့်ခ်ကို အခြားသူများထံ မမျှဝေ သို့မဟုတ် မပေးပို့ပါနှင့်။

စစ်တမ်း ဖြည့်ပြီးရန် (၁၀) မိနစ်အောက် ကြာပြီး တစ်ထိုင်တည်း ဖြည့်ရပါမည်။

သင်၏ အဖိုးတန်သော အကြံပြုချက်များ ပေးပို့သည့်အတွက် ကြိုတင် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် ဤစစ်တမ်းရလဒ်များကို သင်တို့အားလုံးနှင့် မျှဝေနိုင်ရန် မျှော်လင့်ပါသည်။

bottom of page